Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ ၁၁ ရက်နေ့များအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ် လွယ်ဂျယ်နှင့်ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ပါသည်။ Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ  တစ်ပတ်ထက် တစ်ပတ် ကုန်သွယ်မှုများလာသော်လည်း Covid-19  မျိုးကွဲ အိုမီခရွန်ပိုး ပြန့်ပွားလာမှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဆေးစစ်မှုများနှင့် ကုန်ပစ္စည်းများကို ကန့်သတ်မှုများရှိကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊  ဖေဖော်ဝါရီလ ၅ ရက်မှ ၁၁ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ ကြံ၊ ငရုတ်သီး၊ မြေထောက်ပဲ၊ ကော်ဖီစေ့၊ ဆန်နှင့် ဆန်ကွဲများ  တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၁၄၈၉၇၂၂ ဒဿမ ၇၆ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏမှာ ၇၀၉၉၂၄၉ ဒဿမ ၆၃ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၈၅၈၈၉၇၂ ဒဿမ ၃၉ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ   သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ချည်ထည်များ၊ အချိုမှုန့်၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သံနှင့်သံမဏိ ပစ္စည်းများ၊ Cargo Container 45' feet များ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၀၅၀၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၅၀၆၃၉၆ ဒဿမ ၅၈ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၅၁၆၈၉၆ ဒဿမ ၅၈ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၅၈ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၇၉ ဒဿမ ၈၂ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News